ယေရှုကို မှတ်မိခြင်း

Carlotta (ကာရ်လော့တာ) ငယ်စဉ်က သူ့အမေသည် အခြားလူများကို မှတ်မိသည့် ထူးခြားသောပါရမီရှင်ဟု သူမထင်ခဲ့သည်။ သို့သော် ထူးခြားသူက သူမကိုယ်တိုင်ဖြစ်နေသည်။ သူမတွင် prosopagnosia(ပရိုဆိုပရက်ဂ်နိုးရှား) ခေါ် ရှားပါးရောဂါရှိပြီး၊ သူမသည် မျက်နှာများကို မမှတ်မိနိုင်ပါ။

ယေရှု ရှင်ပြန်ထမြောက်ပြီး မကြာခင်မှာ ယေရုရှလင်မှ ပြန်လာသည့် တပည့်တော်နှစ်ယောက်သည် သူတို့ မှတ်မိသင့်သောသူနှင့် ဆုံခဲ့ပြီး၊ မျက်နှာမမှတ်မိသည့်အခြေအနေမျိုး ဖြစ်ခဲ့သည်။ သူတို့နှစ်ဦးသည် လွန်ခဲ့သောရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် စိတ်လှုပ်ရှားစရာသတင်းကို ပြောနေကြသည် (လု ၂၄:၁၄)။ သို့သော် တတိယလူက ထိုအဖြစ်အပျက်များကို သိပုံမရပါ။ သူတို့သည် သူ့အား အဖြစ်အပျက်အကျဉ်းချုပ်ပြောပြပြီး၊ ဤအမည်မသိလူ (ယေရှု)က “ကိုယ်တော် ကို ရည်မှတ်၍ ‌ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာဖော်ပြတော်မူ”၍ (:၂၇)သူတို့ အံ့အားသင့်ခဲ့ရသည်။ ထို့နောက် ခရစ်တော်သည် ယခင်က အကြိမ်ကြိမ်ပြုဖူးသည်နည်းတူ မုန့်ကိုဖဲ့၍ သူတို့အားပေးသောအခါ(:၃၀)၊ “'သူတို့…

ကျွန်ုပ်တို့ယုံကြည်ခြင်းကို စစ်ဆေးခြင်း

အေဒီ ၃၀၄ တွင် ရောမဧကရာဇ် Maximian (မက်စီမီယန်)သည် Nicomedia (နစ်ကိုမေးဒီယာ)မြို့သို့ အောင်မြေ နင်းလျက် ဝင်ရောက်ခဲ့သည်။ အောင်ပွဲအတွက် နတ်ဘုရားများကို ကျေးဇူးတင်ရန် တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်သည့် ခရစ်ယာန်ဘုရားကျောင်းမှ လူများမှလွဲ၍ လူတိုင်း မြို့တော်တွင် စီတန်းလှည့်လည်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မက်စီမီယန်သည် ဘုရားကျောင်းအတွင်းသို့ ဝင်လာပြီး ခရစ်တော်၌ ယုံကြည်ခြင်းကို စွန့်လွှတ်လျှင် အပြစ်ဒဏ်မှ လွတ်မြောက်မည်ဟု ရာဇသံပေးခဲ့သည်။ သူတို့အားလုံးက ရာဇသံကို ငြင်းပယ်ခဲ့၍ မက်စီမီယန်သည် ယုံကြည်သူများကို အထဲ၌ပိတ်လှောင်ပြီး ဘုရားကျောင်းကိုမီးရှို့ရန် အမိန့်ပေးခဲ့သောကြောင့် အားလုံးသေဆုံးခဲ့ကြသည်။

တမန်တော်ရှင်ပေါလုသည် ခရစ်တော်နောက်လိုက်လျှောက်ခြင်း၏ အဖိုး အခကို နားလည်သည်။ ၁ကော ၄ တွင် ဂရိနိုင်ငံ၊ ကောရိန္သုမြို့တွင် နေထိုင်သော ယုံကြည်သူများကို သူ၏သက်သေခံချက်ဖြင့် ရင်ဆိုင်ခဲ့သည်။ တမန်တော်များ သည် ယေရှုအတွက်နှင့် သူတို့အတွက် ဒုက္ခခံခဲ့ရကြောင်း၊…

မထင်မှတ်ထားသော အနှောင့်အယှက်

မာနူဝဲလ်(Manuel)သည် ဘုရားကျောင်းတက်ရန်နောက်ကျနေပြီး၊ မီးနီတွင် ပိတ်မိနေခဲ့သည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေစဉ်တွင် အကူအညီမဲ့နေသော ယာဥ်မောင်းအမျိုးသမီးတစ်ဦးမှာ ကားဘီးလဲရန် ကြိုးစားနေသည်ကို သူ့သမီးက သတိပြုမိပြီး၊ “ဒယ်ဒီက ကားဘီးလဲတာကျွမ်းတယ်။ သူမကို ကူညီသင့်တယ်”ဟု ပြောလိုက်သည်။ ပိုနောက်ကျတော့မည် ဖြစ်သော်လည်း၊ ဤအရာသည် အံ့ဖွယ်ဘုရားသခင် ချိန်းချက်ပေးမှုဖြစ်ကြောင်း မာနူဝဲလ် သိသည်။ သို့နှင့် သူသည် ထိုအမျိုးသမီးကို အကူအညီပေးခဲ့ပြီး၊ ဘုရားကျောင်းသို့ပင် ဖိတ်ခေါ်ခဲ့သည်။

တမန်တော် ၁၆ တွင် ပေါလုနှင့် သိလတို့သည် ကြားဝင်နှောင့်ယှက်လာမှုတစ်ခုကို ရင်ဆိုင်ခဲ့ရပြီး၊ နတ်ဆိုးဝင်နေသည့် ကျွန်မိန်းကလေးတစ်ဦးက သူတို့အား အဆက်မပြတ် အော်ဟစ်နေသည် (:၁၇)။ ရှင်ပေါလုသည် ရက်အတန်ကြာ သည်းခံခဲ့ပါသည်။ နောက်ဆုံးတွင် သူသည် အလွန်စိတ်မသာလျက် “သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ (:၁၈)”ဟု ထိုနတ်ဆိုးအား ဆိုလေ၏။

ရှင်ပေါလုသည် သူအဆင်မပြေသည့်တိုင်…

ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်

အသက် (၅၁) နှစ်အရွယ်တွင် အီနက်စ်မဟီးယာ (Ynes Mexia)(၁၈၇၀-၁၉၃၈) သည် ရုက္ခဗေဒဘာသာရပ်ကို လေ့လာရန် ဆုံးဖြတ်ခဲ့ပြီး၊ ကောလိပ်ကျောင်းသူအဖြစ် စာရင်းပေးသွင်းခဲ့သည်။ ထို့နောက် သူမ၏ ၁၃ နှစ်ကျော်လုပ်သက်အတွင်း အမေရိကအလယ်ပိုင်းနှင့် တောင်ပိုင်းတစ်ခွင်သို့ လှည့်လည်ကာ အပင်မျိုးစိတ်သစ် ၅၀၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမတစ်ယောက်တည်း မဟုတ်ပါ။ သိပ္ပံပညာရှင်များသည် နှစ်စဥ် အပင်မျိုးစိတ်အသစ် ၂၀၀၀ နီးပါးကို ရှာဖွေတွေ့ရှိကြသည်။

ကမ္ဘာဦးကျမ်း ၁ တွင် ဘုရားသခင်သည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်သည့် မှောင်မိုက်သောကမ္ဘာမြေကို (၂) ပြည့်စုံ ကြွယ်ဝသောနေရာအဖြစ် ဖန်ဆင်းခဲ့သည်။ သုံးရက်မြောက်သောနေ့၌၊ ဘုရားသခင်သည် ခြောက်သွေ့သောမြေကို ဖန်တီးရန် ရေကိုခွဲထုတ်ပြီး “မြေသည် မြက်ပင်ကိုလည်းကောင်း၊ စပါးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း” ထားရှိခြင်းဖြင့် လူသားများအတွက် သာတောင့်သာယာရှိစေသည် (:၁၁)။ ၎င်းသည် မျိုးစေ့မှပေါက်သော…

ဘုရားသခင်၏ကယ်တင်ခြင်းအမွေခံများ

ဝမ်းနည်းဖွယ်ရာ ယာဉ်မတော်တဆမှုဖြင့် အဘီဂေးလ်(Abigail)၏ မိဘနှစ်ပါးကွယ်လွန်သွားချိန်တွင် အလွန်ကျယ်ဝန်းသည့် မြေကွက်တစ်ကွက် အမွေရရှိမည့် စာရွက်စာတမ်းကို သူမလက်ခံရရှိခဲ့ပြီး၊ သူမ၏မိဘများက အမွေခံစာရွက်စာတမ်းကို အာမခံလုပ်ငန်းတွင် အပ်နှံခဲ့ကြောင်း သူမသိခဲ့ရသည်။ လတ်တလောတွင် သူ၏ ကောလိပ်ကျောင်းစရိတ်အတွက် အသုံးပြုရန် လုံလောက်ရုံမျှသာ ထုတ်ယူသုံးစွဲခွင့် ရှိသည်။ ကျန်သောအရာများကို သူမအရွယ်ရောက်မှသာ ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။ အဘီဂေးလ်သည် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း မိဘများ၏ အမြော်အမြင်နှင့် ပညာသားပါပါ စီမံဆောင်ရွက်ခဲ့ခြင်းကို သူမနားလည်ခဲ့သည်။

ဂလာတိ ၄ တွင် ဘုရားရှင်နှင့်အာဗြဟံတို့ပြုထားသော ပဋိညာဉ်အားဖြင့် ဣသရေလတို့ရရှိမည့်ကတိတော်အမွေကို ထိုနည်းတူသောဥပမာဖြင့် ရှင်ပေါလု က ဖော်ပြထားသည်။ အာဗြဟံကို ကောင်းချီးပေးရန် ဘုရားရှင်သည် အာဗြဟံနှင့် ပဋိညာဉ်ပြုပြီး၊ အရေပြားလှီးခြင်းသည် ထိုကတိတော်၏သင်္ကေတပင်ဖြစ်သည် (က ၁၇:၁-၁၄)။ သို့ရာတွင် ထိုသင်္ကေတသည် ကတိတော် မဟုတ်ခဲ့ပါ။ အာဗြဟံမှ ဆင်းသက်သောမျိုးဆက်သည် ထိုကတိတော်ပြည့်စုံစေမည့် နောက်လာမည့်မျိုးဆက်ကို စောင့်မျှော်ကြရမည်။ ဣဇာက်မွေးဖွားလာပြီး၊…

ခရစ်တော်၌ စိုက်ပျိုးရှင်သန်သောအသက်တာ

ကျောက်စရစ်လမ်းအဆုံးရှိ ရွှံ့မြေထက်ပိုပျော့သည့် မြေကွက်လပ်ကြီးပေါ်တွင် ကျွန်တော်တို့၏အိမ်ကို တည်ဆောက်ထားပြီး၊ အော်ရီဂွန်(Oregon)တောင်ခြေ၏ ရေမြေသဘာဝနှင့်လိုက်ဖက်ရန် မြက်ပင်များ၊ သစ်ပင်များနှင့် ချုံပုတ်ပင်များစိုက်ရန် လိုအပ်ခဲ့သည်။ မြက်ခင်းပြင်သုံးကိရိယာများကိုယူပြီး အလုပ်စလုပ်ရာ “မြေ၌ လယ်ယာပျိုးပင် မကြီးပွားမီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမီ ...မြေ၌လုပ်သောလူလည်း မရှိသေး” (က ၂:၅) ဟူသည့် ထွန်ယက်လုပ်ကိုင်မည့် လူသားများကို စောင့်မျှော်နေသည့် ပထမဆုံး ဥယျာဉ်အကြောင်း အတွေးထဲဝင်လာသည်။

ကမ္ဘာဦးကျမ်းအခန်းကြီး ၁ မှ ဖန်ဆင်းခြင်းဖြစ်စဥ်တွင် ဘုရားသခင်၏ အကဲဖြတ်ခြင်းနှင့်ပတ်သက်၍‘ကောင်းလှ၏’(သို့) ‘အလွန်ကောင်း၏’ (:၄၊၁၀၊၁၂၊ ၁၈၊၂၁၊၂၅၊၃၁)ဟု သုံးသပ်ထားကြောင်း ထပ်ခါတလဲလဲ ဖော်ပြထားသည်။ သို့သော်၊ မပြည့်စုံသေးပါ။ အာဒံနှင့်ဧဝတို့သည် ဥယျာဥ်ကြီးကို ပြုစုပျိုးထောင်ရန်၊ ဘုရားသခင် ၏ဖန်ဆင်းခြင်းကို သစ္စာရှိစွာ အုပ်စိုးရန်(:၂၈) လိုအပ်နေပါသေးသည်။ သူတို့နှစ်ဦးသည် မပြောင်းလဲသော သုခကမ္ဘာတွင် နေရမည်မဟုတ်ဘဲ စောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရန် လိုအပ်သည့်နေရာတွင် နေထိုင်ရမည်…

ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း

ကျန်းမာရေးပညာရှင်များက အပြေးအားကစားသည် နှလုံးသွေးကြောကျန်းမာရေး အတွက် အရေးကြီးကြောင်း နှစ်ပေါင်းများစွာ ပြောဆိုခဲ့ကြသည်။ သို့သော် သိပ္ပံ နည်းကျ လေ့လာမှုအသစ်များအရ နေ့စဉ် လမ်းလျှောက်ခြင်းသည်လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိကြောင်းကို သက်သေပြခဲ့သည်။ အမေရိကန် အမျိုးသား ကျန်းမာရေး တက္ကသိုလ်၏အဆိုအရ လမ်းလျှောက်ခြင်းက ကျွန်ုပ်တို့အတွက် ကောင်းကြောင်း၊ “အရွယ်ရောက်ပြီးသူများသည် တစ်နေ့လျှင် ခြေလှမ်းပေါင်း ၈,၀၀၀ သို့မဟုတ် ထိုထက်ပို လမ်းလျှောက်ပါက ခြေလှမ်းပေါင်း ၄,၀၀၀ လျှောက်သူများထက် နောက်ဆယ်စုနှစ်များအတွင်း သေဆုံးမှုအန္တရာယ်ကို လျော့ကျစေနိုင်သည်” ဟု ဖော်ပြထားသည်။

သမ္မာကျမ်းစာတွင် ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေးဖော်ပြရန် လမ်းလျှောက်ခြင်းဖြင့် တင်စားသုံးနှုန်းခဲ့သည်။ ကမ္ဘာဦးကျမ်း ၃ တွင် ဘုရားသခင်သည် အာဒံ၊ ဧဝတို့နှင့်အတူ “နေအေးသောအချိန်တွင်” လမ်းလျှောက်ခြင်းကို (:၈) တွေ့ရသည်။ ကမ္ဘာဦးကျမ်း ၅ တွင် ဧနောက်သည် “အနှစ် ၃၀၀…

တည်တံ့ခိုင်မြဲသောအရာကို တည်ဆောက်ပါ

ကျွန်တော်ငယ်စဥ်က အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအနီးတွင် နေထိုင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို ကြည့်ပြီး ကျွန်တော်နှင့် သူငယ်ချင်းများက ခံတပ်ဆောက်ရန် ကျန်ရစ်သော အပိုင်းအစများကို စုဆောင်းခဲ့ကြသည်။ မိဘများထံမှ ကိရိယာတန်ဆာပလာများကို ငှားကာ သစ်တုံးများကို ဆွဲလာပြီး ကျွန်တော်တို့ ရည်ရွယ်ချက်အတိုင်း ရက်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်ခဲ့သည်။ ပျော်စရာကောင်းသော်လည်း၊ ကျွန်တော်တို့၏ကြိုးစားမှုက ကောင်းစွာတည်ဆောက်ထားသော ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး၊ ထိုအရာများက ကြာကြာ မခံပါ။

ကမ္ဘာဦးကျမ်း ၁၁ တွင်၊ ကြီးမားသော အဆောက်အအုံ ဆောက်လုပ်ရေး ပရောဂျက်ကို တွေ့ရမည်။ “လာကြ၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ဖြင့် ငါတို့မြို့ကို ငါတို့ကိုယ်တိုင် တည်ဆောက်ကြစို့”ဟု လူအများက ပြောသည် (:၄)။ ဤကြိုးပမ်းအားထုတ်မှု၏ ကြီးမားသောပြဿနာမှာ လူများက “မိမိနာမည် ကြီးအောင် ပြုခြင်း” ဖြစ်သည် (:၄)။

ဤအရာသည် လူသားများအတွက် ထပ်တလဲလဲဖြစ်သော…

တစ်ဆုပ်ဆန်

အိန္ဒိယအရှေ့မြောက်ပိုင်းရှိ မီဇိုရမ် (Mizoram) ပြည်နယ်သည် ဆင်းရဲတွင်းမှ တဖြည်းဖြည်းတိုးတက်လာသည်။ ဝင်ငွေမရှိသော်လည်း၊ ဤဒေသသို့ ဧဝံဂေလိ စတင်ရောက်ရှိကတည်းက ရှင်ယေရှုကို ယုံကြည်သူများသည် “တစ်ဆုပ်ဆန်” ဟုခေါ်သော ဒေသဓလေ့ကို ကျင့်သုံးခဲ့ကြသည်။ နေ့စဥ် အစားအသောက်ပြင်ဆင်သူ များက ဆန်လက်တစ်ဆုပ်စာကို ဖယ်ထားပြီး ဘုရားကျောင်းကို ပေးကြသည်။ ကမ္ဘာ့ စံနှုန်းအရ ဆင်းရဲပါသည်ဆိုသော မီဇိုရမ် အသင်းတော်များသည် သာသနာအတွက် သန်းနှင့်ချီ၍ ပေးလှူကြပြီး၊ ကမ္ဘာတစ်ဝန်းသို့ သာသနာပြုများ စေလွှတ်ခဲ့သည်။ သူတို့၏ဇာတိပြည်နယ်မှ လူများစွာတို့မှာ ခရစ်တော်ကို ယုံကြည်လာကြသည်။

ကောရိန္သုဩဝါဒစာဒုတိယစောင် ၈ တွင် ရှင်ပေါလုက အလားတူ စိန်ခေါ်မှု ရှိသော အသင်းတော်တစ်ပါးအကြောင်း ဖော်ပြခဲ့သည်။ မာကေဒေါနိရှိ ယုံကြည်သူ များသည် ဆင်းရဲသော်လည်း သူတို့၏ရွှင်လန်းစွာနှင့် အလျှံပယ်ပေးကမ်းခြင်းကို မတားဆီးနိုင်ပါ (:၁-၂)။ သူတို့၏ပေးကမ်းခြင်းကို အခွင့်ထူးတစ်ခုအဖြစ် မြင်ကြပြီး၊ ပေါလု၏သာသနာမိတ်ဖက်အဖြစ် “မိမိတို့တတ်စွမ်းသမျှထက်ပို၍”…

ဘုရားရှင်၏တရားမျှတမှု နှင့် ကျေးဇူးကရုဏာတော်

အင်္ဂလိပ်လူမျိုး စိတ်ကူးယဥ်ပန်းချီဆရာ John Martin (ဂျွန်မာတင်) (၁၇၈၉-၁၈၅၄)သည် လူနေမှုအဖွဲ့အစည်းပျက်စီးခြင်းကို သရုပ်ဖော်သည့် အပျက်အစီးပုံမြင်ကွင်း ပန်းချီကားများကြောင့် လူသိများသည်။ ဤအံ့အားသင့်ဖွယ် မြင်ကွင်းများတွင် လူသားများသည် ပျက်စီးခြင်း၏အကျိုးဆက်များဖြင့် လွှမ်းမိုးခံရကာ ကျရောက် လာတော့မည့် ကြမ္မာဆိုးကို ရင်ဆိုင်နိုင်စွမ်း မရှိကြပေ။ “The Fall of Nineveh” (နိနဝေမြို့ကျဆုံးခြင်း) ပန်းချီကားတွင် မည်းမှောင်သော တိမ်တိုက်များအောက်၌ ကြီးမားလာသော လှိုင်းလုံးအပျက်အစီးများကြားမှ ပြေးထွက်လာသူများကို ပုံဖော်ထားသည်။

မာတင်၏ပန်းချီမတိုင်မီ လွန်ခဲ့သော အနှစ် ၂၀၀၀ ကျော်က ပရောဖက်နာဟုံသည် နိနဝေမြို့တရားစီရင်ခံရမည့်အကြောင်း ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ မိမိအကျိုးစီးပွားအတွက် အခြားသူများအား ဖိနှိပ်သူများအပေါ် ကျရောက်မည့် ဘုရားသခင်၏အမျက်ဒေါသကို သရုပ်ဖော်ရန်အတွက် ပရောဖက်သည် တောင်များတုန်လှုပ်ခြင်း၊ တောင်ကုန်းများပြိုကျခြင်းနှင့် မြေကြီးရွေ့လျားခြင်း ပုံဆောင်ချက်များကို အသုံးပြုခဲ့သည် (နာ ၁:၅)။ သို့ရာတွင် အပြစ်အတွက် ဘုရားသခင်၏ တုံ့ပြန်မှုသည် ကရုဏာတော်မပါဘဲ…